Home

  • ချစ်ခြင်းမေတ္တာမှ ဝေးကွာရာ
    ချစ်ခြင်းမေတ္တာမှ ဝေးကွာရာ ( Apollo ) ဆောင်းဦးရဲ့ ညတွေက တစ်ရက်ပြီးတစ်ရက် ဖြည်းဖြည်းချင်း တိုးဝင်လာပြီ။ ကမ္ဘာ့ဩဇာအပြင်းဆုံး ဘော်လွန်းဒေါဆုပေးပွဲကြီး နီးကပ်လာတာနဲ့အမျှ ကောလာဟတွေနဲ့အပြိုင် ဂုဏ်သိက္ခာကို ရိုက်ချမှုတွေကလည်း အနုနည်းနဲ့တစ်ဖုံ ၊ အကြမ်းနည်းနဲ့တစ်မျိုး သည်းကြီးမည်းကြီး ထန်လို့။ ဖုံးကွယ်လို့ မရတဲ့ အချက်အလက်တွေကိုတောင် ကမ္ဘာကျော်မီဒီယာတွေက လိမ်လိုက်ညာလိုက်နဲ့။ တချို့ကျပြန်တော့လည်း မထိုက်တန်ဘူးပြောကြ၊ ဘာကြောင့်လဲမေးတော့ ဆုဖလားတွေ၊ သွင်းဂိုးတွေ ယှဉ်ကြပြန်တော့ ဒီဆုဟာ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ အသင်းလိုက်အောင်မြင်မှုကို အချိုးကျ တွက်ချက်ပြီး ပေးတာဖြစ်ကြောင်းနဲ့ အသင်းနည်းပြတွေ၊ ကစားသမားတွေနဲ့ မီဒီယာတွေရဲ့ မဲပေးမှုတွေက ပိုပြီးအဓိကကျကြောင်း ပြန်ရှင်းကြနဲ့ ဘောလုံးရပ်ဝန်းမှာ တန်ပြန်လေများ တစ်နာရီလျှင် မိုင်ပေါင်းသောင်းချီ တိုက်ခတ်နေလျက်ရှိ​၏။ ထိုထိုလေများကို မမှုဘဲ … Continue reading ချစ်ခြင်းမေတ္တာမှ ဝေးကွာရာ
  • The Best Striker
    သတင်းထောက်:: 🗣 => “ဆရာရေ၊ ခင်ဗျားလေ့ကျင့်ပေးခဲ့တဲ့ Striker တွေထဲမှာ အဂွဲရိုးက အကောင်းဆုံးမို့လား..?? “ ဂွါဒီယိုလာ:: 🗣 => “နိုးဗျ၊ မက်ဆီပါ” သတင်းထောက်:: 🗣 => “မဟုတ်ဘူးလေ ဆရာ၊ ကျွန်တော်မေးတာက NO. 9 role တွေထဲမှာ ပြောတာ၊ အဂွဲရိုးက အကောင်းဆုံးမလားဗျ။” ဂွါဒီယိုလာ:: 🗣 => “ကျွန်တော်ပြောနေတယ်လေ၊ မက်ဆီပါဆို။ သူက 9, 10, 6, 5, 11, 4 role တွေအားလုံးမှာ အကောင်းဆုံးပဲ။ “ Eagle
  • The one and only
    🗣:: ” လူတွေလုပ်နေတဲ့ အကြီးမားဆုံး အမှားတစ်ခုက “ဇာဗီလက်သစ်ကို” သူတို့ စောင့်ဆိုင်းနေကြတာပဲ။ တကယ်တော့ အဲ့ဒါက အချိန်ဖြန်းနေတာသက်သက်ပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ဇာဗီလက်သစ်ဆိုတာ ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး။ ဇာဗီ နောက်တစ်ယောက်ဆိုတာလဲ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ “ ဖာဖရီဂတ် Eagle
  • ဘာစီလိုနာယောင်ဆောင်ထားတဲ့ “ဘာစီလိုနာ”
    ဘာစီလိုနာတို့ လာလီဂါချန်ပီယံဆုကိုနူတ်ဆက်ရပြန်ပြီ။ဒါ အဆန်းတော့ မဟုတ်တော့ပါဘူး တဲ့။ အိုးး… ဘာတဲ့၊ဒါ အဆန်မဟုတ်တော့ပါဘူး ဆိုပါလား။ဒါဟာ ဘယ်လောက်တောင် နာကျင်စရာကောင်းတဲ့ဟာသမျိုးလဲ။ ဘယ်မလဲ ဘာစီလိုနာဆိုတဲ့ အရှိန်အဝါ ?ဘယ်မလဲ ဘာစီလိုနာဆိုတဲ့ အဆင့်အတန်း ? ဟေး ဒီမယ်..ပစ္စုပ္ပန်မှာ သုံးစားမရတဲ့ ရှေးဟောင်းတန်ဖိုးရှိပစ္စည်းတွေကိုမှ စျေးကောင်းပေးဝယ်လိုတဲ့ ကိုယ့်လူများ !မင်းတို့တွေ ခုပဲ ဘာစီလိုနာကို လေလံပစ်လို့ ရပါပြီ။ ဘာနေနေ လုံလောက်တဲ့အထင်ကြီးမှု မရှိတော့တဲ့ဘာစီလိုနာဟာ ဝီစကီကို အဆိပ်နဲ့ ရောထားတဲ့အဲ့ဒိ ခွက်ကို အလိုက်ကန်းဆိုးမသိမော့သောက်ခဲ့ပြန်ပြီမို့လား။ ဘယ့်နှယ့်လဲသံသရာရဟတ်ဟာ အနုနည်းနဲ့မလိမ့်တပတ် လုပ်သွားပြန်ပြီမလား။သံချေးတက်နေတဲ့ ငြိတွယ်မှုနဲ့ဒီ ဘာစီလိုနာသံယောဇဥ်ကနေ ငါ ရုန်းထွက်သွားရင်အဆင်ပြေမလား ?? ဟိုး ဟိုး.. မလုပ်ပါနဲ့ ကိုယ့်လူဒီ လမ်းလေးကြောင့် ပျော်ရွှင်ရဖူးရင်ဒီ … Continue reading ဘာစီလိုနာယောင်ဆောင်ထားတဲ့ “ဘာစီလိုနာ”
  • Next Level
    1987 ခုနှစ်ဖွား လူးဝစ်ဆွာရက်ဇ်ကို အသက်ကြီးလို့ဆိုပြီး အသင်းက ကန်ထုတ်လိုက်တယ်။ အိမ်းး.. ခုကျတော့ 1988 ခုနှစ်ဖွား အဂွဲရိုးကို မရမက လိုက်နေပြန်ပြီ။ ဘာစီလိုနာဘုတ်အဖွဲ့ဝင်တွေရဲ့ တွေးခေါ်မူအဆင့်အတန်းဟာ သာမန်လူတွေ ဘယ်လိုမှ လိုက်မမှီတဲ့ Level တစ်ခုကို ရောက်နေပြီ။ ဘာစီလိုနာဘုတ်အဖွဲ့ဝင်တွေရဲ့ ဦးဏှောက်အဆင့်အတန်းဟာ နောင်တချိန်မှာ ကမ္ဘာလောကကြီးတစ်ခုလုံးကို တစ်ခေတ်ဆန်းစေလိမ့်မယ်။ သူတို့ အဖွဲ့ရဲ့ ဦးဏှောက်အဆင့်အတန်းဟာ Next Level တစ်ခုကို ရောက်သွားပြီ။ ဟုတ်တယ်။ သူတို့ ရောက်သွားပြီ။ ငလမ ဘုတ်အဖွဲ။ (ငိုသံနည်နည်းပါတယ်။) Eagle